ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 6:14-23 Judson Bible (BJB)

14. ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့စွာ ကုကြ၏။

15. သူတို့သည် ရွံရှာဘွယ်သော အမှုကိုပြုပြီးမှ ရှောက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက်ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက် လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

16. ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနား မှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေ လျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ် နှလုံး သက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။

17. ငါကလည်း၊ တံပိုးမှုတ်သံကို နားထောင်ကြ လော့ဟုဆိုလျက်၊ သင်တို့အပေါ်၌ကင်းစောင့်တို့ကို ခန့်ထားသောအခါ၊ ငါတို့သည် နားမထောင်ဟု ပြန်ပြော ကြ၏။

18. သို့ဖြစ်၍၊ အိုတပါးအမျိုးသားတို့၊ နားထောင်ကြ လော့။ တပါးအမျိုးသားတို့တွင် ရှိနေသော ပရိသတ်တို့၊ သိမှတ်ကြလော့။

19. အိုမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤလူမျိုးသည် ငါ့စကားကို နားမတောင်၊ ငါ တရားကိုလည်း ငြင်းပယ်သောကြောင့်၊ သူတို့အလို အလျောက်ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ်ကို၊ သူတို့အပေါ်သို့ငါသက်ရောက် စေမည်။

20. ရှေဘပြည်မှ လောဗန်ကို၎င်း၊ ဝေးသောပြည်မှ မွှေးသောကြံကို၎င်း၊ အဘယ်ကြောင့် ငါ့ထံသို့ဆောင်ခဲ့ သနည်း။ သင်တို့မီးရှို့ရာ ယဇ်တို့ကို ငါအလိုမရှိ။ ပူဇော် သောယဇ်အမျိုးမျိုးကို ငါမနှစ်သက်။

21. ထိုအကြောင်းကြောင့် ထာဝရဘုရားမိန့်တော် မူသည်ကား၊ ထိမိ၍ လဲစရာတို့ကို ဤလူမျိုးရှေ့မှာ ငါထားမည်။ အဘနှင့်သားတို့သည် ထိမိ၍ လဲကြလိမ့် မည်။ အိမ်နီးချင်းနှင့် အဆွေခင်ပွန်းတို့သည် အတူ ပျက်စီးကြလိမ့်မည်။

22. ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုး တမျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည်။ ကြီးစွာ သော လူမျိုးကိုမြေကြီးစွန်းမှ ငါနှိုးဆော်မည်။

23. လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍၊ သနားခြင်းကရုဏာမရှိ။ သူတို့ စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်း စီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 6