ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 52:4-11 Judson Bible (BJB)

4. ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌ တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊

5. ဇေဒကိမင်းနန်းစံ တဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။

6. ထိုနှစ်၊ စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊

7. ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖေါက်၍၊ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့သည် ညဉ့်အခါပြေး၍၊ မြို့ရိုးနှစ်ထပ်စပ်ကြား၊ ဥယျာဉ်တော်နား တံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။

8. ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ဇေဒကိကို လိုက်၍၊ ယေရိခေါလွင်ပြင်၌မှီသဖြင့် ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။

9. ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး၍၊ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြောစီရင်၍၊

10. ဇေဒကိမင်း၏သားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ရိဗလမြို့မှာ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။

11. ဇေဒကိမျက်စိကိုလည်း ဖေါက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွားသဖြင့်၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထားလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 52