ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 52:16-20 Judson Bible (BJB)

16. သို့ရာတွင်၊ စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကို ထားခဲ့လေ၏။

17. ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည်ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။

18. အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ အိုး၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ၊ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ၏။

19. ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော အင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။

20. ဗိမာန်တော်၌ ရှောလမုန်မင်းကြီးလုပ်သောတိုင်နှစ်တိုင်၊ ရေကန်တခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွားတဆယ်နှစ်ခု၌ပါသော ကြေးဝါသည် အချိန်အားဖြင့် အတိုင်းမသိများ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 52