ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 51:10-22 Judson Bible (BJB)

10. ထာဝရဘုရားသည် ငါတို့ဖြောင့်မတ်ကြောင်းကို ဘော်ပြတော်မူပြီ။ လာကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဇိအုန်မြို့၌ ကြားပြောကြကုန်အံ့။

11. မြှားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ်ပေးခြင်းအမှုဖြစ်သတည်း။

12. ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကိုထူကြလော့။ များစွာသော လူစောင့်တို့ကို ထား၍ကင်းထိုးကြလော့။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့။ ထာဝရဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည်၍ လက်စသတ်တော်မူသည်။

13. များစွာသော ရေအနားမှာနေ၍ စည်းစိမ်ကြီးသောသူ၊ သင်၏ဆုံးရှုံးချိန်၊ သင်၏လောဘ အလိုပျက်ချိန် ရောက်လေပြီ။

14. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ သင့်ကို ကျိုင်းကောင်များနှင့်ပြည့်စေသကဲ့သို့ လူများနှင့်ပြည့်စေမည်။ သူတို့သည်သင့်တဘက်၌ ကြွေးကြော်သံကို လွှင့်ကြလိမ့်မည်။

15. တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။

16. အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုဃ်းရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှမိုဃ်းတိမ်ကို တက်စေတော်မူ၏။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်း ဘဏ္ဍာတော်တိုက်ထဲကထုတ် တော်မူ၏။

17. လူမည်သည်ကား၊ မိမိဥာဏ်အားဖြင့် တိရစ္ဆာန်ကဲ့သို့ဖြစ်၏။ ရုပ်တုကို သွန်းသော သူတိုင်းမိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။

18. ထိုသို့သော အရာတို့သည် အချည်းနှီးသက် သက်ဖြစ်ကြ၏။ လှည့်စားသောအရာလည်း ဖြစ်ကြ၏။ စစ်ကြောခြင်းကို ခံရသည်ကာလ ကွယ်ပျောက်ကြလိမ့်မည်။

19. ယာကုပ်အမျိုး၏ အဘို့ဖြစ်သောဘုရားသည် ထိုသို့သောအရာနှင့်တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသောဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။

20. အိုသံတူကြီး၊ သင်သည် ငါစစ်တိုက်စရာ လက်နက်ဖြစ်၏။ သင့်ကို ငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ပြီ။

21. သင့်ကိုကိုင်၍ မြင်းနှင့်မြင်းစီးသူရဲကို၎င်း၊ ရထားနှင့်ရထားစီး သူရဲကို၎င်း ငါချိုးဖဲ့ပြီ။

22. သင့်ကိုကိုင်၍ ယောက်ျားနှင့်မိန်းမတို့ကို၎င်း၊ အသက်ကြီးသူနှင့် အသက်ငယ်သူတို့ကို၎င်း၊ လူပျိုနှင့် အပျိုမတို့ကို၎င်း ငါချိုးဖဲ့ပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 51