ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 48:10-16 Judson Bible (BJB)

10. ထာဝရဘုရား၏ အမှုတော်ကို ကြိုးစား၍ မဆောင်သောသူသည် ကျိန်ဆဲခြင်းကိုခံစေ။ လူအသက်ကို မသတ်ဘဲမိမိထားကို သိမ်းရုပ်သောသူသည် ကျိန်ဆဲခြင်းကိုခံစေ။

11. မောဘသည်အိုးတလုံးမှ တလုံးသို့မပြောင်း၊ တကျွန်းတနိုင်ငံသို့ ယူသွားခြင်းကိုမခံ၊ ငယ်သောအရွယ်မှစ၍ ငြိမ်လျက်၊ မိမိအဖတ်အနည်ပေါ်၌ နေရာကျလျက်ရှိသောကြောင့်၊ မိမိအရသာသည် တည့်နေ၏။ မွှေးသောအနံ့လည်း မပျက်။

12. သို့ရာတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ထံသို့ ငါစေလွှတ်ရ သော အချိန်ရောက်လိမ့်မည်။ သူတို့သည် မောဘကို စောင်း၍ ထားပြီးလျှင်၊ သူ၏အိုးတို့ကိုသွန်၍ ရေဘူးတို့ကို ခွဲကြလိမ့်မည်။

13. ဣသရေလအမျိုးသည် မိမိတို့ခိုလှုံသော ဗေသလဘုရားကြောင့် ရှက်ရသကဲ့သို့၊ မောဘအမျိုးသည်လည်း ခေမုရှဘုရားကြောင့် ရှက်ရလိမ့်မည်။

14. ငါတို့သည်အားကြီးသောသူ၊ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆိုကြလိမ့်မည်နည်း။

15. မောဘပြည်သည် ပျက်စီးပြီ။ မြို့တို့သည် ကျွမ်း လောင်ကြပြီ။ သူရွေးချယ်သောလုလင်တို့သည် ကွပ်မျက်ခြင်းကို ခံအံ့သောငှါ ဆင်းသွားကြပြီဟု၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။

16. မောဘကို လုပ်ကြံရသောအချိန်နီးပြီ။ သူခံရသောဘေးသည် အလျင်အမြန်လာ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 48