ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 46:20-26 Judson Bible (BJB)

20. အဲဂုတ္တုပြည်သည်အဆင်းလှသော နွားမဖြစ်၏။ သို့ရာတွင်၊ မြောက်မျက်နှာဘက်က နှောင့်ရှက်ခြင်း အကြောင်းပေါ်လာ၏။

21. သူငှါးတို့သည် သူ၏အလယ်၌ ဆူအောင် ကျွေးသောနွားကဲ့သို့ ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်သောကြောင့်၊ သူတို့သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။

22. သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက်၊ လူအလုံးအရင်းနှင့်တကွ ချီလာကြသောအခါ၊ သူ၏စကားသံသည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည်။

23. ထိုတောသည် အလွန်ရှုပ်သော်လည်း၊ သူတို့သည် ကျိုင်းကောင်ထက်မက မရေတွက်နိုင်အောင် များသောကြောင့် ခုတ်လှဲကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

24. အဲဂုတ္တုသတို့သမီးသည် မိန်းမောတွေဝေလျက်ရှိ၏။ မြောက်မျက်နှာပြည်သားတို့ လက်သို့ရောက်လေပြီ။

25. ဣသရေလအမျိုး၏ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ နောမြို့၌ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ၍ အဲဂုတ္တုပြည်သားဘုရားများ၊ ရှင်ဘုရင်များတည်းဟူသော၊ ဖာရောဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစားသော သူတို့ကို ငါဆုံးမမည်။

26. သူတို့အသက်ကို ရှာသောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းနှင့်သူ၏ ကျွန်တို့ လက်သို့ သူတို့ကို ငါအပ်မည်။ ထိုနောက်မှတဖန် အဲဂုတ္တုပြည်သည် အရင်ကဲ့သို့ စည်ပင်လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 46