ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 46:14-22 Judson Bible (BJB)

14. သင့်ပတ်လည်၌နေသောသူတို့ကို ထားတော်သည် ကိုက်စားပြီ။ ကိုယ်ကိုပြင်ဆင်၍ မြဲမြံစွာ နေလော့ ဟု အဲဂုတ္တုပြည်၌ကြွေးကြော်ကြလော့။ မိဂဒေါလမြို့၌ သိတင်းကြားကြလော့။ နောဖမြို့၊ တာပနက်မြို့၌လည်း ကြားပြောကြလော့။

15. သင်၏သူရဲသည် အဘယ်ကြောင့် ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ သူသည် မရပ်မနေနိုင်ရာ။

16. လူများတို့သည် ထိမိ၍တယောက်အပေါ်မှာ တယောက်လဲစေခြင်းငှါ ပြုတော်မူသည်ဖြစ်၍၊ သူတို့က၊ ထကြကုန်အံ့။ ညှဉ်းဆဲတတ်သောထားကြောင့် ကိုယ်အမျိုး၊ ကိုယ်နေရင်းပြည်သို့ပြန်ကြကုန်အံ့ဟု ပြောဆို ကြ၏။

17. ရောက်ပြီးမှ အဲဂုတ္တု ရှင်ဘုရင်ဖာရောမင်းသည် ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ၏။

18. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါသည် အသက်ရှင်သည်ဖြစ်၍၊ တောင်တို့တွင် တာဗော်တောင်ကဲ့သို့၎င်း၊ ပင်လယ်နားမှာကရမေလတောင်ကဲ့သို့၎င်း ထိုမင်းသည် လာလိမ့်မည်။

19. နေရာကျသော အဲဂုတ္တုသတို့သမီး၊ နေရာပြောင်းစရာဘို့ ကိုယ်အသုံးအဆောင်များကို ပြင်လော့။ အကြောင်းမူကား၊ နေဖမြို့သည် နေသောသူမရှိအောင် သုတ်သင်ဖျက်ဆီးခြင်းကို ခံရမည်။

20. အဲဂုတ္တုပြည်သည်အဆင်းလှသော နွားမဖြစ်၏။ သို့ရာတွင်၊ မြောက်မျက်နှာဘက်က နှောင့်ရှက်ခြင်း အကြောင်းပေါ်လာ၏။

21. သူငှါးတို့သည် သူ၏အလယ်၌ ဆူအောင် ကျွေးသောနွားကဲ့သို့ ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်သောကြောင့်၊ သူတို့သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။

22. သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက်၊ လူအလုံးအရင်းနှင့်တကွ ချီလာကြသောအခါ၊ သူ၏စကားသံသည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 46