3. အကျွနု်ပ်တို့ သနားတော်ခံသောစကားကို မပယ်ပါနှင့်။ အကျွနု်ပ်တို့ သွားရသောလမ်းနှင့် ပြုရသောအမှုကို ကိုယ်တော်၏ ဘုရားသခင် ထာ၀ရဘုရားသည် အကျွနု်ပ်တို့အား ြပတော်မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အကျွနု်ပ်တို့အဘို့ ကိုယ်တော်၏ ဘုရားသခင် ထာ၀ရဘုရားထံတော်၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ၏။
4. ပရောဖက် ယေရမိကလည်း ငါကြား၏။ သင်တို့ပြောသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာ၀ရဘုရားအား ဆုေတာင်းမည်။ ထာ၀ရဘုရားသည် သင်တို့အား မိန့်တေ်သူသမျှတို့ကို ြပန်ပြောမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက် ဟု ပြောဆို၏။
5. သူတို့ကလည်း ကိုယ်တော်ဘုရားသခင် ထာ၀ရဘုရားသည် ကိုယ်တော်အားဖြင့် အကျွနု်ပ်တို့ကို မှာထားတော်မူသမျှအတိုင်း၊ အကျွနု်ပ်တို့သည် ပြုပါမည်ဟု၊ ထာ၀ရဘုရားသည် အကျွနု်ပ်တို့၌ မှန်ကန်၍ သစ္စာစေင့်သော သက်သေ ြဖစ်တော်မူစေသတည်း။
6. အကျွနု်ပ်တို့သည် အကျွနု်ပ်တို့၏ ဘုရားသခင် ထာ၀ရဘုရား၏အမိန့်တော်ကို နားထောင်သောအခါ ချမ်းသာရပါမည်အေကြာင်း၊ အကျွနု်ပ်တို့သည်၊ ကိုယ်ေတာ်ကို စေလွှတ်ရာ အကျွနု်ပ်တို့၏ ဘုရားသခင် ထာ၀ရဘုရား၏ အမိန့်တော်သည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည် ြဖစ်စေ၊ နားထောင်ပါမည်ဟု ယေရမိအား ပြေဆိုကြ၏။
7. ထိုနောက် ဆယ်ရက် ကြာသောအခါ၊ ထာ၀ရဘုရား၏ နှုတ်ကပတ်ေတာ်သည် ယေရမိသို့ ရောက်လျှင်၊-
8. ယေရမိသည် ကာရာသား ယောဟနနိမှစ၍၊ သူ၌ပါသမျှသောတပ်မှူးတို့နှင့် လူအကြီးအငယ်အပေါင်းတို့ကို ခေါ်၍၊-
9. သင်တို့သည် ပါု့ကိုစေလွှတ်၍ အသနားတော်ခံသော ဣသရေလအမျိုး၏ဘုရားသခင် ထာ၀ရဘုရား မိန့်တော်မူသည်ကား၊-
10. အကယ်စင်စစ် သင်တို့သည် ဤြပည်၌နေလျှင်၊ ငါသည် သင်တို့ကို မဖြိုမဖျက်၊ တည်ဆောက်မည်။ သင်တို့ကို မနှုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ ရောက်စေသောဘေဒဏ်ကြောင့် နောင်တရ၏။
11. သင်တို့ကြောက်တတ်သောဗာဗုလုန် ရှင်ဘုရင်ကို မကြောက်ကြနှင့်။ ထာ၀ရဘုရား မိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကို မကြောက်ကြနှင့်။ ငါသည် သင်တို့ကို ကယ်တင်၍၊ ထိုမင်းလက်မှ နှုတ်ယူြခင်းငှာ သင်တို့ဘက်၌ ရှိ၏။
12. သင်တို့ကို ငါကယ်မသနားသောအားြဖင့့်၊ ထိုရှင်ဘုရင်သည် သင်တို့ကို သနား၍၊ နေရင်းြပည်သို့ ြပန်စေရလိမ့်မည်။
13. သို့မဟုတ်၊ သင်တို့က၊ ငါတို့သည် ဤြပည်၌မနေ၊ ငါတို့ ဘုရားသခင် ထာ၀ရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊-