ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 42:10-15 Judson Bible (BJB)

10. အကယ်စင်စစ် သင်တို့သည် ဤြပည်၌နေလျှင်၊ ငါသည် သင်တို့ကို မဖြိုမဖျက်၊ တည်​ဆောက်မည်။ သင်တို့ကို မနှုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ ရောက်စေသော​ဘေဒဏ်ကြောင့် နောင်တရ၏။

11. သင်တို့​ကြောက်တတ်သောဗာဗုလုန် ရှင်ဘုရင်ကို မ​ကြောက်ကြနှင့်။ ထာ၀ရဘုရား မိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကို မ​ကြောက်ကြနှင့်။ ငါသည် သင်တို့ကို ကယ်တင်၍၊ ထိုမင်းလက်မှ နှုတ်ယူြခင်းငှာ သင်တို့ဘက်၌ ရှိ၏။

12. သင်တို့ကို ငါကယ်မသနားသောအားြဖင့့်၊ ထိုရှင်ဘုရင်သည် သင်တို့ကို သနား၍၊ နေရင်းြပည်သို့ ြပန်​စေရလိမ့်မည်။

13. သို့မဟုတ်၊ သင်တို့က၊ ငါတို့သည် ဤြပည်၌မနေ၊ ငါတို့ ဘုရားသခင် ထာ၀ရဘုရား၏အမိန့်တော်ကို နားမ​ထောင်ဘဲ၊-

14. စစ်မှုကို မတွေ့မြင်၊ တံပိုးမှုတ်သံကို မကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုြပည်သို့ သွား၍နေမည် ဟု ဆိုလျှင်၊-

15. ကျန်ကြွင်း​သောယုဒအမျိုးသားတို့၊ ထာ၀ရဘုရား၏အမိန့်တော်ကို ကြားကြ​လော့။ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အဲဂုတ္တုြပည်သို့ သွားြခင်းငှါ ကျပ်ကျပ်မျက်နှာပြုလျက်၊ ထိုြပည်သို့အမှန်သွား၍ တည်းခိုလျှင်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 42