ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 40:12-16 Judson Bible (BJB)

12. နှင်ထုတ်ရာပြည်အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်။ ဂေဒလိရှိရာမိဇပါမြို့သို့ရောက်သဖြင့်၊ များစွာသော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ၏။

13. ထိုနောက်မှ၊ ကာရာသားယောဟနန်သည် တော၌ရှိသောတပ်မှူးများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့ သို့လာ၍၊

14. ကိုယ်တော်ကိုသတ်စေခြင်းငှါ၊ အမ္မုန်ရှင်ဘုရင် ဗာလိတ်သည် နာသနိသားဣရှမေလကို စေလွှတ် ကြောင်းကို အမှန်သိပါ၏လောဟု မေးလျှောက်သော်လည်း၊ ထိုစကားကို အဟိကံသားဂေဒလိသည်မယုံ။

15. ထိုအခါ ကာရာသားယောဟနန်ကလည်း၊ အကျွန်ုပ်သွား၍နာသနိသား ဣရှမေလကိုသတ်ရသော အခွင့်ကို ပေးပါလော့။ အဘယ်သူမျှမသိရ။ သူသည် ကိုယ်တော်ကိုသတ်၍၊ ကိုယ်တော်ထံ၌ စုဝေးသောယုဒလူ အပေါင်းတို့သည် အရပ်ရပ်သို့ကွဲပြားသဖြင့်၊ ယုဒပြည်၌ ကျန်ကြွင်းသော သူတို့သည် အဘယ်ကြောင့်ပျက်စီးရ ကြပါမည်နည်းဟု၊ မိဇပါမြို့၌ ဂေဒလိကို တိတ်ဆိတ်စွာ လျှောက်သော်လည်း၊

16. အဟိကံသားဂေဒလိက၊ သင်သည်ထိုသို့မပြုရ။ ဣရှမေလ၌ မမှန်သောစကားကိုပြန်ပြောပြီဟု၊ ကာရာ သားယောဟနန်အား ပြန်ပြောလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 40