ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 39:2-5 Judson Bible (BJB)

2. ဇေဒကိမင်းကြီးနန်းစံဆယ်တနှစ်၊ စတုတ္ထလ ကိုးရက်နေ့၌ မြို့ကို ဖြိုဖေါက်၍၊

3. ရွှေထားဝန်နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ်စာ သခိမ်၊ မာဂုပညာ ရှိအုပ်နေရဂါလရှရေဇာတည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အစရှိသော မှူးတော်မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ထိုင်ကြ၏။

4. ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်းတို့သည် ထိုလူများကို မြင်လျှင်၊ ညဉ့်အခါပြေး၍ ဥယျာဉ် တော်လမ်းကို လိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။

5. ခါလဒဲစစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါ လွင်ပြင်၌ဇေဒကိ မင်းကိုမှီ၍ ဘမ်းဆီးပြီးမှ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှုကို စစ်ကြောစီရင်၍၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 39