ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 37:8-12 Judson Bible (BJB)

8. ခါလဒဲလူတို့သည် လာပြန်၍၊ ဤမြို့ကို တိုက်ယူပြီးလျှင် မီးရှို့ကြလိမ့်မည်။

9. ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင်စစ် ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွားကြလိမ့်မည်ဟု ဆို၍ ကိုယ်ကိုကိုယ်မလှည့်စားကြနှင့်။ သူတို့သည် ထွက်၍ မသွားရကြ။

10. ထိုမျှမက၊ သင်တို့ကိုစစ်တိုက်သော ခါလဒဲ စစ်သူရဲအပေါင်းတို့ကို သင်တို့သည်လုပ်ကြံသဖြင့်၊ သူတို့တွင် ဒဏ်ချက်ထိသော သူသက်သက် ကျန်ကြွင်းသော်လည်း၊ သူတို့သည် အသီးအသီးမိမိတို့ထဲ၌ထ၍၊ ဤမြို့သို့ မီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

11. ခါလဒဲစစ်သူရဲတို့သည် ဖာရောဘုရင်၏ဗိုလ်ခြေတို့ကို ကြောက်ရွံ့၍၊ ယေရုရှလင်မြို့မှ ဆုတ်သွားကြသောအခါ၊

12. ယေရမိသည်မိမိအမျိုး၌ မိမိအမွေဥစ္စာကို ခံအံ့သောငှါ၊ ဗင်္ယာမိန်ပြည်သို့သွားမည်ဟု အကြံရှိ၍ ယေရုရှလင်မြို့မှ ထွက်သွားလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 37