ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 37:11-14 Judson Bible (BJB)

11. ခါလဒဲစစ်သူရဲတို့သည် ဖာရောဘုရင်၏ဗိုလ်ခြေတို့ကို ကြောက်ရွံ့၍၊ ယေရုရှလင်မြို့မှ ဆုတ်သွားကြသောအခါ၊

12. ယေရမိသည်မိမိအမျိုး၌ မိမိအမွေဥစ္စာကို ခံအံ့သောငှါ၊ ဗင်္ယာမိန်ပြည်သို့သွားမည်ဟု အကြံရှိ၍ ယေရုရှလင်မြို့မှ ထွက်သွားလေ၏။

13. ဗင်္ယာမိန်တံခါးဝသို့ ရောက်သောအခါ၊ ဟာနနိ သားဖြစ်သော ရှေလမိ၏ သားကင်းမှူးဣရိယက၊ သင်သည်ခါလဒဲ လူတို့ဘက်သို့ ကူးသွားပါသည်တကား ဟုဆိုလျက်၊ ပရောဖက်ယေရမိကိုဘမ်းဆီးလေ၏။

14. ယေရမိ ကလည်း၊ မဟုတ်ပါ။ ခါလဒဲလူတို့ ဘက်သို့ ငါမကူးမသွားပါဟုဆိုသော်လည်း၊ ဣရိယသည် နားမထောင်ဘဲ၊ ယေရမိကို ယူ၍ မင်းများထံသို့ ပို့ဆောင်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 37