ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 36:4-7 Judson Bible (BJB)

4. ထိုအခါယေရမိသည် နေရိသား ဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရားမိန့်တော်မူသမျှသော စကားတော်တို့ကို ပြန်ပြောသည်အတိုင်း၊ ဗာရုတ်သည် စာလိပ်၌ ရေးထားလေ၏။

5. ယေရမိကလည်း၊ ငါသည် အချုပ်ခံလျက် နေရသောကြောင့်၊ ဗိမာန်တော်သို့ မသွားနိုင်။

6. သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သောနေ့တွင်၊ ဗိမာန်တော်၌ရှိသော သူတို့အားဘတ်လော့။ အမြို့မြို့အရွာရွာ ကလာသော ယုဒလူတို့အားလည်း ဘတ်လော့။

7. သူတို့သည် အသီးအသီးလိုက်ဘူးသော အဓမ္မလမ်းကို ရှောင်လျက်၊ ထာဝရဘုရားအားပြပ်ဝပ်၍ ဆုတောင်း ကောင်းဆုတောင်းကြလိမ့်မည်။ ဤလူမျိုး၌ ထာဝရဘုရား ခြိမ်းတော်မူသောအမျက်ဒေါသသည် အလွန်ပြင်းထန် ပေ၏ဟု ဗာရုတ်အားမှာထားလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 36