ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 35:1-8 Judson Bible (BJB)

1. ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း လက်ထက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊

2. သင်သည်ရေခပ်အမျိုးသားတို့အိမ်သို့သွား၍၊ သူတို့နှင့်နှုတ်ဆက်ပြီးမှ၊ ဗိမာန်တော် အခန်းတခန်းထဲသို့ ခေါ်သွင်း၍ စပျစ်ရည်ကိုတိုက်ပေးလော့ဟု မိန့်တော်မူသည်အတိုင်း၊

3. ငါသည် ဟာဗဇိညာသားဖြစ်သော ယေရမိ၏ သား ယာဇညာမှစ၍၊ သူ၏ညီအစ်ကိုတို့နှင့် သားများ အပေါင်း၊ ရေခပ်အမျိုးသားအပေါင်းတို့ကို ခေါ်၍၊

4. ဗိမာန်တော်အတွင်း၊ တံခါးစောင့်ရှလ္လုံသား မာသေယ၏ အခန်းအပေါ်၊ မှူးတော်မတ်တော် စည်းဝေးရာအခန်းနားမှာ ဘုရားသခင်၏လူ ဣဂဒါလိသား ဟာနန်၏သားတို့ နေသောအခန်းထဲသို့ ဆောင်သွား ပြီးလျှင်၊

5. ထိုရေခပ် အမျိုးသားတို့ရှေ့၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကိုထည့်၍၊ စပျစ်ရည်ကို သောက်ကြပါဟု သူတို့အား ဆို၏။

6. သူတို့ကလည်း၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ အကျွန်ုပ်တို့အမျိုး၏ အဘရေခပ်၏ သားယောနဒပ်က၊ သင်တို့မှစ၍ သားစဉ် မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ။

7. အိမ်ကိုလည်း မဆောက်ရ၊ မျိုးစေ့ကိုလည်း မကြဲရ၊ စပျစ်ဥယျာဉ်ကိုလည်းမစိုက်ရ၊ မရှိစေရကြ။ သင်တို့သည် ဧည့်သည်ဖြစ်လျက်နေသောပြည်၌ အသက်တာရှည်မည်အကြောင်း၊ တသက်လုံး တဲနှင့်သာ နေရကြမည်ဟု အကျွန်ုပ်တို့ကို မှာထားပါပြီ။

8. ထိုကြောင့်၊ အကျွန်ုပ်တို့သည် မယားသားသမီးနှင့်တကွ တသက်လုံးစပျစ်ရည်ကိုမသောက်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 35