ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 32:1-4 Judson Bible (BJB)

1. နေဗုခဒ်နေဇာ နန်းစံတဆယ်ရှစ်နှစ်၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ်နှစ်တွင်၊ ထာဝရဘုရား ထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၏။

2. ထိုအခါ ဗာဗုလုန် ရှင်ဘုရင်၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ။ ပရောဖက်ယေရမိသည် ယုဒရှင်ဘုရင်၏ နန်းတော်ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရ၏။

3. အကြောင်းမူကား၊ ယုဒရှင်ဘုရင် ဇေဒကိသည် ခေါ်၍၊ ထာဝရဘုရားက၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင် လက်သို့ ငါအပ်၍၊ သူသည် သိမ်းယူလိမ့်မည်။

4. ယုဒရှင်ဘုရင် ဇေဒကိသည် ခါလဒဲလူတို့ လက်နှင့်မလွတ်၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ ဆက်ဆက် ရောက်လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြောလျက်၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ရလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 32