ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 26:5-13 Judson Bible (BJB)

5. ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ် ထပ်စေလွှတ်သော ငါ၏ကျွန် ပရောဖက်တို့၏ စကားကို နားမထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နားမထောင်ဘဲ နေလျှင်၊

6. ဤအိမ်ကို ရှိလောရွာကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း၊ မြေပေါ်မှာ လူအမျိုးမျိုး ကျိန်ဆဲသော မြို့ဖြစ်စေမည်ဟု မိန့်တော်မူ၏။

7. ထိုစကားကို ဗိမာန်တော်၌ ယေရမိ ဟောပြောသည်ကို ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ လူများ အပေါင်းတို့သည် ကြားကြ၏။

8. လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ထာဝရဘုရား မှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူများအပေါင်းတို့သည် ယေရမိကို ဘမ်းဆီး၍၊ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။

9. ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့်မည်။ ဤမြို့သည် လူမရှိ၊ ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟု သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ အဘယ်ကြောင့် ဟောသနည်းဟုပြောဆိုလျက်၊ လူများ အပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတဘက်၌ စုဝေးကြ၏။

10. ယုဒမှူးမတ်တို့သည် ထိုအမှုကို ကြားသိသောအခါ၊ နန်းတော်မှ ဗိမာန်တော်သို့လာ၍၊ ဗိမာန်တော် တံခါးသစ်အတွင်း၌ ထိုင်ကြ၏။

11. ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က၊ ဤသူသည် အသေခံထိုက်ပေ၏။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း၊ ဤမြို့ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောပါပြီတကားဟု မှူးမတ်အစရှိသော လူများ အပေါင်းတို့အား ပြောဆိုကြ၏။

12. ယေရမိကလည်း၊ သင်တို့ကြားသမျှအတိုင်း၊ ဤအိမ်တော်နှင့် ဤမြို့တော်ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူပြီ။

13. ယခုမှာသင်တို့၏ ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်းလဲကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ထာဝရဘုရားသည် သင်တို့၌ ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တဖန် နောင်တရတော်မူလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 26