ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 26:14-17 Judson Bible (BJB)

14. ငါမူကား၊ သင်တို့လက်၌ရှိပါ၏။ သင်တို့စိတ်၌ ဖြောင့်မတ်လျောက်ပတ်သည်ဟု ထင်သည်အတိုင်း၊ ငါ့ကို ပြုကြလော့။

15. သို့ရာတွင်၊ ငါ့ကို သတ်လျှင်အပြစ်မရှိသော အသွေးကို သင်တို့သည် ကိုယ်အပေါ်သို့၎င်း၊ ဤမြို့နှင့် မြို့သားတို့အပေါ်သို့၎င်း၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့။ ဤစကား အလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း၊ ထာဝရဘုရားသည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစရှိသော လူများအပေါင်းတို့အား ပြောဆိုလေ၏။

16. ထိုအခါမှူးမတ်အစရှိသော လူများအပေါင်းတို့က၊ ဤသူသည် အသေခံထိုက်သည်မဟုတ်။ ငါတို့ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ငါတို့အား ဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား ပြောဆိုကြ၏။

17. ပြည်သားအသက်ကြီးသူ အချို့ကလည်း၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 26