ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 26:1-6 Judson Bible (BJB)

1. ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်နန်း ထိုင်စက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာ၍၊

2. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန်တော်၌ ကိုးကွယ်အံ့သောငှါ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ငါသည်သင်၌ မှားထားသမျှသော စကားတို့ကို ဗိမာန်တော်တန်တိုင်း ထဲမှာရပ်လျက်၊ သူတို့အားပြန်ပြောလော့။ တခွန်းကိုမျှ မထိမ်မဝှက်နှင့်။

3. သူတို့သည် နားထောင်၍၊ အသီးအသီးမိမိတို့ အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေးမည်ဟု ကြံစည်ခြင်းကို နောင်တရမည်။

4. သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်၊ သင်တို့၌ ငါထားသော ပညတ်တရားလမ်းသို့ မလိုက်၊

5. ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ် ထပ်စေလွှတ်သော ငါ၏ကျွန် ပရောဖက်တို့၏ စကားကို နားမထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နားမထောင်ဘဲ နေလျှင်၊

6. ဤအိမ်ကို ရှိလောရွာကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း၊ မြေပေါ်မှာ လူအမျိုးမျိုး ကျိန်ဆဲသော မြို့ဖြစ်စေမည်ဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 26