ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 22:25-30 Judson Bible (BJB)

25. သင့်အသက်ကို သတ်ချင်သောသူ၊ သင်အလွန်ကြောက်သောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းမှစ၍ ခါလဒဲလူတို့ လက်သို့ ငါအပ်မည်။

26. သင့်ကို၎င်း၊ သင့်ကိုဘွားမြင်သော သင်၏အမိကို၎င်း၊ မွေးဘွားရာ ဌာနမဟုတ်သောပြည်သို့ ငါနှင်ထုတ်သဖြင့်၊ ထိုပြည်၌ သင်တို့သည် သေကြလိမ့်မည်။

27. ပြန်လိုသောပြည်သို့ နောက်တဖန်ပြန်၍ မလာရကြ။

28. ဤမင်းသားခေါနိသည် ရိုသေဘွယ်မဟုတ်၊ ကျိုးပဲ့သောရုပ်တုဖြစ်သလော။ အဘယ်သူမျှ မနှစ်သက် သောတန်ဆာဖြစ်သလော။ သူနှင့်တကွ သူ၏သားမြေးတို့ကို နှင်ထုတ်၍၊ သူတို့မသိဘူးသောပြည်၌ အဘယ်ကြောင့် ချပစ်ရသနည်း။

29. အိုမြေကြီး၊ မြေကြီး၊ မြေကြီး၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်လော့။

30. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမင်းကို သားမရှိသောသူဟူ၍၎င်း၊ တသက်လုံး မကောင်းစားသော သူဟူ၍၎င်း ရေးမှတ်လော့။ သူ၏သားမြေးတစုံ တယောက်မျှ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော အခွင့်နှင့်၊ ယုဒပြည်ကို စိုးစံရသောအခွင့်မရှိက။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 22