ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 14:3-16 Judson Bible (BJB)

3. မှူးမတ်တို့သည် မိမိသူငယ်တို့ကို ရေခပ် စေလွှတ်၍၊ သူငယ်တို့သည် ရေကျင်းသို့ရောက်သောအခါ၊ ရေကိုမတွေ့။ အိုးသက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန်လာကြ၏။ ဦးခေါင်းကို ခြုံလျက်ရှက်ကြောက်မှိုင် တွေကြ၏။

4. မိုဃ်းပြတ်၍ မြေအက်ကွဲသောကြောင့်၊ လယ်လုပ်သော သူတို့သည် ဦးခေါင်းကိုခြုံလျက် ရှက်ကြောက်ကြ၏။

5. သမင်မသည် လယ်ပြင်၌ မွေးသောအခါ မြက် မရှိသောကြောင့်၊ သားငယ်ကို စွန့်ပစ်၏။

6. မြည်းရိုင်းတို့သည် မြင့်သောအရပ်ပေါ်မှာ ရပ်လျက် မြေခွေးကဲ့သို့ လေကိုရှုကြ၏။ မြက်မရှိသောကြောင့်၊ သူတို့ မျက်စိပျက်လေ၏။

7. အိုထာဝရဘုရား၊ အကျွန်ုပ်တို့၏ အပြစ်သည် အကျွန်ုပ်တို့တဘက်၌ သက်သေခံသော်လည်း၊ နာမတော်ကို ထောက်၍စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ဖောက်ပြန်ပါပြီ။ ကိုယ်တော်ကို ပြစ်မှားပါပြီ။

8. အို ဣသရေလအမျိုး၏ မြော်လင့်စရာအကြောင်း၊ အမှုရောက်သော ကာလကယ်တင်တော်မူသော သခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ပြည်၌ ဧည့်သည်ကဲ့သို့၎င်း၊ တညဉ့်သာ အိပ်ခြင်းငှါ ဝင်သော ခရီးသွားကဲ့သို့၎င်း၊ အဘယ်ကြောင့်ဖြစ်တော်မူသနည်း။

9. မိန်းမောတွေဝေသော သူကဲ့သို့၎င်း၊ ကယ်တင်ခြင်းငှါမတတ်နိုင်သော သူရဲကဲ့သို့၎င်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့တွင် ရှိတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ဖြင့် သမုတ်သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။

10. ဤလူမျိုးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူတို့သည် လှည့်လည်ခြင်းငှါ အလွန်အလိုရှိကြ၏။ မိမိတို့ခြေကို မချုပ်တည်းကြ။ ထိုကြောင့်၊ ထာဝရဘုရားနှစ်သက်တော်မမူ။ သူတို့ ပြုသော ဒုစရိုက်ကို အောက်မေ့၍၊ သူတို့အပြစ်များကြောင့် စစ်ကြောတော်မူမည်။

11. ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ဤလူမျိုးအဘို့ မေတ္တာပို့၍ ဆုမတောင်းနှင့်။

12. သူတို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့် သောအခါ၊ သူတို့ အော်ဟစ်သံကို ငါနားမထောင်။ မီးရှို့ ရာယဇ်ကိုသော်၎င်း၊ ပူဇော်သက္ကာကိုသော်၎င်း၊ ဆက်ကပ်သောအခါ ငါလက်မခံ။ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်၊ သူတို့ကို ငါဆုံးစေမည်ဟု မိန့်တော်မူလျှင်၊

13. ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ ပရောဖက် တို့က၊ သင်တို့သည် ထားဘေးကို မတွေ့ရကြ။ မွတ်သိပ် ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရ။ ဤအရပ်၌ မြဲသောငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ဤသူတို့ အားဟောပြောကြောင်းကို ငါလျှောက်သောအခါ၊

14. ထာဝရဘုရားက၊ ထိုပရောဖက်တို့သည် ငါ၏ နာမကိုအမှီပြု၍ မုသာကို ဟောတတ်ကြ၏။ သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ ဗျာဒိတ်မပေး။ သူတို့ ဟောပြောချက်တို့သည် မျက်စိကို လှည့်ခြင်း၊ နတ်ပူးခြင်း၊ အချည်း နှီးကြံစည်ခြင်း၊ မိမိဥာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ၏။

15. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြောသော ပရောဖက်တို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ဆုံးရကြလိမ့်မည်။

16. သူတို့၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှ စ၍၊ မယား သားသမီးတို့နှင့်တကွ မွတ်သိပ်ခြင်းဘေး၊ ထားဘေးကြောင့်၊ ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကို ခံရ၍၊ အဘယ်သူမျှ မသင်္ဂြိုဟ်ရ။ သူတို့၏အပြစ်ကို သူတို့အပေါ်သို့ ငါညွန်းလောင်းမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 14