ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 12:13-17 Judson Bible (BJB)

13. သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ၍ ဆူးပင်ကိုသာ ရိတ်ရကြ၏။ ပင်ပန်းစွာ ကြိုးစားသော်လည်း ကျေးဇူး မရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ ခံရသောအကျိုးကို ထောက်၍ ရှက်ကြလိမ့်မည်။

14. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေး သနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ ပြည်ထဲက ငါနှုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည်။

15. နှုတ်ပြီးမှတဖန် ငါသနား၍၊ အသီးအသီးတို့ကို မိမိတို့ပိုင်ထိုက်သောမြေ၊ မိမိတို့နေရင်းပြည်သို့ ငါပြန်ပို့မည်။

16. ဗာလဘုရားကိုတိုင်တည်၍ ကျိန်ဆိုစေခြင်းငှါ၊ သူတို့သည် ငါ၏လူမျိုးကို သွန်သင်ဘူးသည်နည်းတူ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု၊ ငါ၏နာမကို တိုင်တည်၍ ကျိန်ဆိုခြင်းငှါ၊ ငါ့လူမျိုး၏ ဘာသာဓလေ့ကို ကြိုးစား၍ သင်လျှင်၊ ငါ၏လူမျိုးအထဲ၌ သူတို့ကို ငါတည်စေမည်။

17. သို့မဟုတ်၊ နားမထောင်ဘဲနေလျှင်၊ နား မထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနှုတ်ပယ်ဖျက်ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 12