ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 1:1-5 Judson Bible (BJB)

1. ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်းနန်းစံ ဆယ်သုံးနှစ်တွင်၎င်း၊ ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ် လက်ထက်၌၎င်း၊

2. ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိမင်းနန်းစံ ဆယ်တနှစ်စေ့၍ ပဥ္စပလတွင်၊ ယေရုရှလင်မြို့သားတို့ကို သိမ်းသွားချုပ်ထားသည်တိုင်အောင်၊

3. ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုခံသော ဗင်္လာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသားယဇ်ပုရောဟိတ် ယေရမိ စကားမှာ၊

4. ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်၍ မိန့်တော်မူသည်ကား၊

5. သင့်ကိုအမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီသင့်ကို ငါသိပြီ။ မဘွားမှီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူ အမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 1