ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 46:3-15 Judson Bible (BJB)

3. ထိုနည်းတူ၊ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ပြည်သူပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရား ရှေ့တော်တွင် ဦးညွတ်ချရကြမည်။

4. ဥပုသ်နေ့၌ မင်းသားသည် မီးရှို့ရာယဇ်ဘို့ အပြစ်မပါသော သိုးသငယ် ခြောက်ကောင်၊ အပြစ်မပါသော သိုးထီးတကောင်ကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်။

5. ဘောဇဉ်ပူဇော်သက္ကာဘို့ သိုးထီးတကောင်နှင့် မုန့်ညက်တဧဖေါ၊ ဆီတဟိန်ကို၎င်း၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း ပူဇော်ရမည်။

6. လဆန်းနေ့၌ အပြစ်မပါသော နွားထီးတကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတကောင်ကို ပူဇော်ရမည်။

7. ဘောဇဉ်ပူဇော်သက္ကာဘို့ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုးတကောင်နှင့် တဧဖါ၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကို ၎င်းပူဇော်ရမည်။

8. မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့် ဝင်ရမည်။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည်။

9. ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွတ်ချခြင်းငှါ မြောက်တံခါးဖြင့် ဝင်သောသူသည်တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သောသူသည် မြောက် တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သောတံခါးတဘက်တချက်၌ရှိသော တံခါးဖြင့် ထွက်ရမည်။

10. ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ဝင်သောအခါ ဝင်ရမည်။ သူတို့ထွက်သောအခါ ထွက်ရမည်။

11. ပွဲခံ၍ ပရိသတ်စည်းဝေးရာ ကာလ၌ ဘောဇဉ်ပူဇော်သက္ကာဘို့၊ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုး တကောင်နှင့် တဧဖါ၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက် တဧဖါနှင့် ဆီတဟိန်ကို၎င်း ပူဇော်ရမည်။

12. မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရား အား ပူဇော်သက္ကာပြုသောအခါ၊ အရှေ့သို့မျက်နှာပြုသော တံခါးကိုဖွင့်ရမည်။ သူသည်ဥပုသ်နေ့၌မီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည်။ ပူဇော်ပြီးမှ ထွက်သွား၍ တံခါးကို ပိတ်ထားရမည်။

13. နေ့တိုင်းအစဉ်၊ ထာဝရဘုရားအား မီးရှို့ရာယဇ်ဘို့ အပြစ်မပါ၊ အခါမလည်သော သိုးသငယ်တကောင်ကို နံနက်အချိန်၌ ပူဇော်ရမည်။

14. နံနက်တိုင်းအစဉ်၊ ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါတွင် ခြောက်စု တစုကို၎င်း၊ မုန့်ညက်နှင့်ရောရသော ဆီလေးလောဃကို၎င်း ပူဇော်ရမည်။ ဤရွှေ့ကား၊ထာဝရဘုရားအား အစဉ် အမြဲပြုရသော ဘောဇဉ်ပူဇော်သက္ကာတရားပေတည်း။

15. ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာနှင့် ဆီကို၎င်း ပြင်ဆင်ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 46