ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 43:20-27 Judson Bible (BJB)

20. နွားအသွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ဦးချို လေးချောင်း၊ အထစ်လေးထောင့်၊ အနားပတ်ကိုလူးသောအားဖြင့် သန့်ရှင်းစင်ကြယ်စေရမည်။

21. အပြစ်ဖြေရာ ယဇ်ဘို့နွားကောင်ကို ယူ၍ သန့်ရှင်းရာဌာနပြင်၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသော အရပ်၌မီးရှို့ရမည်။

22. ဒုတိယနေ့၌လည်း အပြစ်မရှိသော ဆိတ်သငယ်ကို ယူ၍၊ အပြစ်ဖြေရာ ယဇ်ဘို့ပူဇော်ရမည်။ ယဇ်ပလ္လင် ကို နွားအသွေးနှင့်သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေးနှင့် သန့်ရှင်းစေရမည်။

23. ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်းစေပြီးသည်နောက်၊ အပြစ်မရှိ၊ ပျိုသောနွားထီးနှင့် အပြစ်မရှိသော ဆိတ်ထီးကိုထာဝရဘုရား ရှေ့တော်၌ပူဇော်ရမည်။

24. ယဇ်ပုရောဟိတ်တို့သည် ဆားကိုတင်လျက်၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဘို့ မီးရှို့၍ ပူဇော် ရမည်။

25. ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင်၊ ဆိတ်တကောင်ကို အပြစ်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အပြစ်မရှိ၊ ပျိုသောနွားထီးတကောင်နှင့် သိုးထီးတကောင်ကိုလည်း ပူဇော်ရမည်။

26. ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို သန့်ရှင်းစင်ကြယ်စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ၌ ခန့်ထားရကြမည်။

27. ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့၌၎င်း၊ ထိုနေ့မှစ၍၎င်း၊ ယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင်ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိဿဟာယယဇ်များကို ပူဇော်ရကြမည်။ ငါသည်လည်း၊ သင်တို့လက်ခံမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 43