ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 40:39-49 Judson Bible (BJB)

39. မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာ ယဇ်ကောင်ကို သတ်စရာဘို့၊ တံခါးမုတ်အတွင်း တဘက် တချက်၌ စာပွဲနှစ်ခုစီရှိကြ၏။

40. မြောက်တံခါးဝသို့ တက်ရာတံခါးမုတ်၊ ပြင်အနားတဘက်တချက်၌လည်း စားပွဲနှစ်ခုစီရှိသည်ဖြစ်၍၊

41. တံခါးဝတဘက်တချက်၌ ယဇ်ကောင်ကို သတ်စရာစားပွဲလေးခုစီ၊ ပေါင်းရှစ်ခုရှိကြ၏။

42. မီးရှို့ရာယဇ်ဘို့ စားပွဲလေးခုတို့သည် ဆစ်သောကျောက်ဖြင့်ပြီး၍၊ အလျားတတောင်တထွာ၊ အနံ တတောင်တထွာ၊ အမြင့်တတောင်ရှိ၏။ ထို စားပွဲပေါ်မှာ မီးရှို့ရာယဇ်ကောင်ကို သတ်စရာတန်ဆာများကို တင်ထားရကြ၏။

43. စားပွဲအပေါ်ပတ်လည်၌ အကျယ်လက်တဝါး ရှိသော အနားပတ် တပ်လျက်ရှိ၍၊ ပူဇော်စရာယဇ်သား ကို တင်ထားရကြ၏။

44. အတွင်းတံခါးပြင်မှာ အတွင်းတန်တိုင်း၌ အခန်းနှစ်ခုကို ငါမြင်၏။ တခန်းကား၊ မြောက်တံခါးအနားမှာ ရှိ၍ တောင်ဘက်သို့ မျက်နှာပြု၏။ တခန်းကား၊ တောင်တံခါးအနားမှာရှိ၍ မြောက်ဘက်သို့ မျက်နှာပြု၏။

45. တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော်အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာဘို့၊

46. မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ ယဇ်ပုလ္လင်အမှုကို ဆောင်သောယဇ်ပုရောဟိတ် နေစရာဘို့ ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ အမှုတော်ကို ဆောင်စေခြင်းငှါ၊ လေဝိသား တို့တွင် ရွေးကောက်သောဇာဒုတ်သားပေတည်းဟု ငါ့အား ပြောဆို၏။

47. ထိုအခါ တန်တိုင်းကိုတိုင်း၍ အလျားအတောင် တရာ၊ အနံအတောင်တရာ စတုရန်းရှိ၏။ ယဇ်ပလ္လင်သည် အိမ်တော်ရှေ့မှာ တည်၏။

48. အိမ်တော်ဦးသို့ခေါ်၍ တံခါးဝနှစ်ဘက်ကို တိုင်းလျှင်၊ အကျယ်ငါးတောင်စီရှိ၏။ တံခါးရွက်နှစ်ဘက်၊ အနံသုံးတောင်စီရှိ၏။

49. အိမ်တော်ဦးအလျားကား အတောင်နှစ်ဆယ်၊ အနံကားတဆယ်တတောင်ရှိ၏။ လှေကားဆယ်ထစ်ဖြင့် တက်ရ၏။ အိမ်တော်ဦးအနား၊ တဘက်တချက်၌ တိုင်တလုံးစီတည်လျက်ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 40