ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 40:14-26 Judson Bible (BJB)

14. တံခါးပတ်လည် တန်တိုင်းအတွင်း၊ ထောင့်တိုင်အထိ၊ အတောင်ခြောက်ဆယ်ကျယ်အောင် တိုင်များကို ထားလေ၏။

15. ပြင်တံခါးဝမှသည် အတွင်းတံခါးမုတ်ဝတိုင်အောင် အတောင်ငါးဆယ်ရှိ၏။

16. အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုတ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက်များရှိ၏။ တိုင်များ၌စွနပလွပင်ပုံထုလျက်ရှိ၏။

17. ထိုနောက်၊ ငါ့ကိုပြင်တန်တိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ်ရှိ၏။

18. တံခါးများအစဉ်အတိုင်းလိုက်၍၊ တံခါးအနားမှာ ရှိသော ကျောက်ခင်းသည် အောက်ကျောက်ခင်းဖြစ်၏။

19. ထိုနောက်၊ အောက်တံခါးဦးမှသည်အတွင်း တန်းတိုင်းပြင်ဘက် ဦးတိုင်အောင်တိုင်း၍၊ အရှေ့မျက်နှာ၌ အတောင်တရာကွာ၏။

20. တဖန်မြောက်မျက်နှာသို့ ခေါ်သွား၍၊ ပြင်တန်တိုင်းမြောက်ဘက်သို့ မျက်နှာပြုသောတံခါးအမြင့်နှင့် အနံကိုတိုင်းလေ၏။

21. အခန်းတို့သည် တဘက်တချက်၌ သုံးခန်းစီရှိ၏။ တိုင်များ၊ မုတ်များတို့သည် အရင်တံခါးကဲ့သို့ဖြစ်၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။

22. ပြတင်းပေါက်၊ မုတ်၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ၏။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်းတည်း ရှိကြ၏။

23. အရှေ့ဘက်၌ရှိသကဲ့သို့ မြောက်တံခါး မျက်နှာချင်းဆိုင်အတွင်း တန်တိုင်းတံခါးဝရှိ၏။ တံခါဝတခုနှင့် တခုအတောင်တရာကွာ၏။

24. ထိုနောက်၊ တောင်မျက်နှာသို့ခေါ်သွား၍ တောင်တံခါးကို ငါမြင်၏။ တိုင်များ၊ မုတ်များကိုတိုင်း၍ အရင်ပမာဏနှင့်တညီတည်းရှိကြ၏။

25. အရင်ပြတင်းပေါက်ကဲ့သို့ ပြတင်းပေါက်များ၊ မုတ်များရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါး တောင်ရှိ၏။

26. လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်းတည်းရှိကြ၏။ တဘက်တချက်တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 40