ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 40:1-8 Judson Bible (BJB)

1. ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ်နှစ်ဆယ်ငါးခု၊ ပဌမလဆယ်ရက်နေ့၊ မြို့တော်ကို လုပ်ကြံ၍၊ တဆယ်လေးနှစ်စေ့သောနေ့တွင်၊ ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ထိုမြို့သို့ ဆောင်သွားတော်မူ၏။

2. ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကို ဣသရေလပြည်သို့ ဆောင်သွား၍၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မူ၏။ ထိုတောင်အနားမှာ တောင်ဘက်၌မြို့ပုံသဏ္ဌာန်ရှိ၏။

3. ထိုအရပ်သို့ ငါ့ကိုဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာ ကျူလုံးနှင့်ချည်ကြိုးကို ကိုင်လျက်မြို့တံခါးဝမှာ ရပ်နေ၏။

4. ထိုသူက၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ စေ့စေ့နားထောင်လော့။ ငါပြလတံ့သမျှတို့ကို နှလုံးသွင်း လော့။ သင့်အား ငါပြအံ့သောငှါ သင့်ကိုဤအရပ်သို့ ဆောင်ခဲ့တော်မူပြီ၊ မြင်သမျှတို့ကိုလည်း ဣသရေလ အမျိုးအားပြရမည်ဟုဆို၏။

5. အိမ်တော်ပြင်ပတ်လည်၌ တန်တိုင်းရှိ၏။ ထိုသူသည် သံတောင်အားဖြင့် အရှည်ခြောက်တောင်ရှိသော ကျူလုံးကို ကိုင်လျက်၊ ထိုတန်တိုင်းကိုတိုင်း၍ အထုကျူတပြန်၊ အမြင့်လည်း ကျူတပြန်ရှိ၏။

6. ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း၍ အနံ ကျူတပြန်စီရှိ၏။

7. အခန်းငယ်တို့သည် တခန်းနှင့်တခန်း ငါးတောင်ကွာလျက် အလျားကျူတပြန်၊ အနံလည်း ကျူတပြန်စီရှိကြ၏။

8. အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 40