ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 37:1-4 Judson Bible (BJB)

1. တဖန်ထာဝရဘုရား၏ လက်တော်သည် ငါ့ အပေါ်မှာရှိ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင်သွားလျက်၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ်၌ ထားပြီးလျှင်၊

2. ထိုအရိုးတို့ပတ်လည်၌ ရှောက်သွားစေတော်မူ၏။ ထိုချိုင့်မျက်နှာပြင်၌ များစွားသောအရိုးတို့သည်ရှိ၍ အလွန်သွေ့ခြောက်ကြ၏။

3. ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည် ဟု လျှောက်လေ၏။

4. ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အိုသွေ့ခြောက်သော အရိုးတို့၊ထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ကြလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 37