ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 36:14-18 Judson Bible (BJB)

14. နောက်တဖန်သင်သည် လူတို့ကို မကိုက်စားရ။ ကိုယ်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။

15. နောက်တဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့အပြစ်တင်သော စကားကိုမကြားရ။ နောက်တဖန် ကိုယ် အမျိုးသားတို့၌ လုယူဖျပ်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။

16. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

17. အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည်၌နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူ သောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ၏။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာဥတုရောက်သော မိန်းမ၏ အညစ်အကြေးကဲ့သို့ ဖြစ်၏။

18. ထိုပြည်၌ လူအသက်ကိုသတ်သောအပြစ်၊ ရုပ်တုတို့နှင့် ညစ်ညူးစေသောအပြစ်ကြောင့်၊ ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 36