ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 34:24-28 Judson Bible (BJB)

24. ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင် ဖြစ်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့၏မင်းဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားပြောပြီ။

25. သူတို့နှင့်ငြိမ်သက်ခြင်း ပဋိညာဉ်ကို ငါဖွဲ့၍၊ ဆိုးသောသားရဲတို့ကို ထိုပြည်၌ပယ်ဖြတ်မည်။ သူတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌အိပ်ပျော်ကြလိမ့်မည်။

26. သူတို့ကို၎င်း၊ ငါ၏တောင်တော်ပတ်လည်၌ ရှိသော အရပ်တို့ကို၎င်း ငါကောင်းကြီးပေး၍၊ အချိန်တန်လျှင် မိုဃ်းကိုရွာစေသဖြင့်၊ ကောင်းကြီးမိုးရေ ကျရလိမ့်မည်။

27. တောသစ်ပင်သည် အသီးကို သီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သား တို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည်။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ်၍၊ အနိုင်အထက်စေခိုင်သောသူတို့ လက်မှကယ်နှုတ်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။

28. နောက်တဖန်တပါး အမျိုးသားတို့သည် မလုမယူရကြ။ ပြည်သားရဲတို့သည်လည်း ကိုက်၍မစားရကြ။ အဘယ်သူမျှမကြောက်စေဘဲ၊ သူတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 34