ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 33:26-33 Judson Bible (BJB)

26. ထားကို ခိုလှုံလျက်၊ စက်ဆုပ်ဘွယ်သောအမှုကို ပြုလျက်၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။

27. တဖန်အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါအသက်ရှင်သည်အတိုင်း၊ ပျက်စီးသော အရပ်၌နေသော သူတို့သည် ထားဖြင့် လဲ၍ သေရကြလိမ့်မည်။ လွင်ပြင်၌ရှိသော သူတို့ကို ငါသည်သားရဲ ၌အပ်၍ ကိုက်စားစေမည်။ ရဲတိုက်ဥမင်၌ရှိသော သူတို့သည် ကာလနာနှင့် သေရကြလိမ့်မည်။

28. တပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသဖြင့်၊ သူ့အစွမ်းသတ္တိ၏ ဂုဏ်အသရေကုန်၍၊ အဘယ်သူမျှ မရှောက်မသွားရေအောင်၊ ဣသရေလတောင်တို့သည် လူဆိတ်ညံလျက် ရှိရကြလိမ့်မည်။

29. ပြည်သားတို့သည် ပြုမိသောစက်ဆုပ်ဘွယ် အမှုအလုံးစုံတို့ကြောင့်၊ ထိုပြည်ကို ငါသုတ်သင်ပယ်ရှင်း သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့ သိရကြလိမ့်မည်။

30. ထိုမှတပါး၊ အချင်းလူသား၊ သင်၏အမျိုးသား ချင်းတို့က၊ ငါတို့သွားကြကုန်အံ့။ ထာဝရဘုရားသည် အဘယ်သို့ဗျာဒိတ်ပေးတော်မူသည်ကို ကြာကြကုန်အံ့ဟု၊ ထရံနား၊ အိမ်တံခါးနားမှာ သင့်ကိုရည်မှတ်၍ တယောက် ကိုတယောက် ပြောတတ်ကြ၏။

31. ငါ၏လူကဲ့သို့ သင့်ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက်၊ သင်၏စကားကိုကြာသော်လည်း၊ နားမထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာကို နှုန်နှင့်ပြသော်လည်း၊ စိတ်နှလုံးမူကား လောကီ ဥစ္စာကိုစွဲလမ်းလျက်ရှိ၏။

32. သင်၏စကားသည်၊ ကောင်းမွန်စွာတီး၍ သာယာသောအသံနှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက် ဘွယ်သော သီချင်းကဲ့သို့ သူတို့၌ဖြစ်၍၊ သူတို့သည် ကြားရသော်လည်း နားမထောင်တတ်ကြ။

33. သို့ရာတွင်၊ အမှုရောက်လိမ့်မည်။ အမှုရောက်သောအခါ သူတို့တွင် ပရောဖက်ရှိဘူးသည်ကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 33