ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 33:1-7 Judson Bible (BJB)

1. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

2. အချင်းလူသား၊ သင်၏ အမျိုးသားအချင်းတို့အား ဟော်ပြော၍ ဆင့်ဆိုရမည်မှား၊ ငါသည် တစုံတခုသောပြည်သို့ ထားဘေးရောက်စေသောအခါ၊ ပြည်သားတို့သည် ပြည်သားတယောက်ကို ယူ၍ ကင်းစောင့်ထားပြီးမှ၊

3. ထိုသူသည် ထားဘေးရောက်သည်ကို မြင်လျက် တံပိုးမှုတ်၍ သတိပေးသော်လည်း၊

4. တစုံတယောက်သောသူသည် တံပိုးမှုတ်သံကို ကြားလျက်နှင့် အမှုမထား၊ ထားဘေးရောက်၍ သူ၏ အသက်ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရမည်။

5. တံပိုးမှုတ်သံကိုကြား၍ အမှုမထားသောကြောင့်၊ ကိုယ်အသက် ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ အမှုထားသောသူမူကား၊ ကိုယ်အသက်ကို ကယ်တင်လိမ့်မည်။

6. သို့မဟုတ် ကင်းစောင့်ထားသောသူသည် ထားဘေးရောက်ကြောင်းကိုမြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့ အား အသိမပေးသောကြောင့် ထားဘေးရောက်၍ တစုံတယောက်သောသူ အသက်ဆုံးလျှင်၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏အသက်ကို ကင်းစောင့်သောသူ၌ ငါတောင်းမည်။

7. ထိုအတူ၊ အချင်းလူသား၊ သင့်ကိုဣသရေလအမျိုး၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထားသောကြောင့်၊ သင်သည်ငါ၏ နှုတ်ထွက်စကားကို နာခံ၍ သူတို့ကို သတိပေးရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 33