ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 3:18-27 Judson Bible (BJB)

18. သင်သည် အမှန်သေလိမ့်မည်ဟု၊ လူဆိုးအား ငါပြောလျက်နှင့် သင်သည်သတိမပေး၊ လူဆိုး၏ အသက် ကို ချမ်းသာစေခြင်းငှါ၊ လူဆိုးအား သတိပေးသောစကားကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေ လိမ့်မည်။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။

19. သို့မဟုတ်၊ သင်သည် လူဆိုးကို သတိပေးလျက် နှင့်သူသည် မိမိပြုသော ဒုစရိုက်ကို၎င်း၊ မိမိလိုက်သော အဓမ္မလမ်းကို၎င်း မရှောင်ဘဲနေလျှင်၊ မိမိအပြစ်၌ သေလိမ့်မည်။ သင်မူကား၊ ကိုယ်အသက် ဝိညာဉ်ကို ကယ်နှုတ်လေပြီ။

20. တဖန်တုံ၊ ဖြောင့်မတ်သောသူသည်ဖေါက်ပြန်၍ ဒုစရိုက်ကိုပြုလျှင်၎င်း၊ ထိမိ၍ လဲစရာအကြောင်းကို သူ့ရှေ့မှာငါထားလျှင်၎င်း သူသည် သေလိမ့်မည်။ သင်သည်သတိမပေးသောကြောင့်၊ သူသည်မိမိအပြစ်၌ သေလိမ့်မည်။ သူကျင့်ဘူးသော တရားကို ပမာဏမပြုရ။ သူ၏ အသက်ကိုကား၊ သင်၌ငါတောင်းမည်။

21. သို့မဟုတ်၊ ဖြောင့်မတ်သော သူသည်ဒုစရိုက်ကို မပြုမည်အကြောင်း၊ သည်သည်သတိပေး၍ သူသည် ဒုစရိုက်ကို မပြုဘဲနေလျှင်၊ သတိပေးသောကျေးဇူး ကြောင့် စင်စစ်အသက်ချမ်းသာလိမ့်မည်။ သင်သည်လည်း၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နှုတ်လေပြီဟု မိန့်တော်မူ၏။

22. တဖန် ထာဝရဘုရား၏လက်တော်သည် ငါ့ အပေါ်မှာ တင်ပြီးလျှင်၊ သင်ထ၍ လွင်ပြင်သို့ သွားလော့။ ထိုအရပ်၌ ငါပြောမည်ဟု မိန့်တော်မူသည်အတိုင်း၊

23. ငါသည် ထ၍လွင်ပြင်သို့သွား၏။ ရောက်သောအခါ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော ထာဝရဘုရား၏ ဘုန်းတော်သည် ရပ်တော်မူ၍၊ ငါသည် ပြပ်ဝပ်လျက်နေ၏။

24. ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တတ်နေစေလျက်၊ သင်သွားလော့။ ကိုယ်အိမ်၌ ပုန်းရှောင်၍ နေလော့။

25. အချင်းလူသား၊ သင်သည်ကြိုးနှင့်ချည်နှောင် ခြင်းကို ခံ၍ သူတို့တွင် မထွက်ရ။

26. သင်သည် သူတို့ကို မဆုံးမဘဲနေစေခြင်းငှါ၊ စကားအလျက်သင့် လျှာကိုအာခေါင်၌ ကပ်စေမည်။ အကြောင်းမူကား၊ သူတို့သည်ပုန်ကန် တတ်သောအမျိုး ဖြစ်ကြ၏။

27. သို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ်ကို ငါဖွင့်မည်။ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူ၏ ဟု သူတို့အား ဟောပြောရမည်။ နားထောင်သောသူသည် နားထောင်စေ၊ နားမထောင်သောသသည် နားမထောင်ဘဲနေစေ။ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်ကြ သည် ဟုမိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 3