ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 29:1-13 Judson Bible (BJB)

1. သက္ကရာဇ်ဆယ်ခု၊ ဒသမလတဆယ်တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

2. အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းတဘက်၌မျက်နှာထား၍၊ သူနှင့် အဲဂုတ္တုပြည် တပြည်လုံး တဘက်၌ပရောဖက်ပြုလျက်၊

3. အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ အိုအဲဂုတ္တုရှင်ဘုရင် ဖာရောမင်း၊ ကိုယ်မြစ်များ အလယ်၌နေလျက်၊ ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဘို့ ငါ ဖန်ဆင်းပြီဟု ဆိုတတ်သောမိကျောင်းကြီး၊ သင့်တဘက်၌ ငါနေ၏။

4. သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြတ်၌နေ သောငါတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ်များ အလယ်ထဲကသင့်ကို ငါနှုတ်၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။

5. သင်နှင့် သင့်မြစ်၌ရှိသမျှသော ငါတို့ကိုတော၌ ငါပစ်ထားမည်။ လွင်ပြင်၌ကျ၍ နောက်တဖန်စုဝေးခြင်းကို မပြုရ။ တောသားရဲများ၊ မိုဃ်းကောင်းကင်ငှက်များ စားစရာဘို့ သင့်ကိုငါအပ်၏။

6. ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ဣသရေလအမျိုး၌ ကျူတောင်ဝေးဖြစ်လေပြီ။

7. သင့်ကိုလက်နှင့် ကိုင်သောအခါ သင်သည် အကိုင်မခံ။ သူတို့ ပခုံးဆစ်ကို ဖြုတ်လေ၏။ သင်နှင့် ကိုယ်ကိုထောက်သောအခါ သင်သည် ကျိုး၍ သူတို့ခါးကို နာစေ၏။

8. သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင့်အပေါ်သို့ထားကိုဆောင်ခဲ့၍ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့်၊

9. အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်၊ ပျက်စီးလျက်ရှိသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ်မည်။ သင်က၊ ငါ့မြစ်ကိုငါ ပိုင်၏။ ငါဖန်ဆင်းပြီ ဟု ဆိုမိသောကြောင့်၊

10. သင်နှင့်သင့်မြစ်တဘက်၌ ငါနေ၏။ အဲဂုတ္တုပြည်ကို မိဂဒေါလမှစ၍ သုဏေမြို့တိုင်အောင်၎င်း၊ အဲသယောပိပြည်စွန်းတိုင်အောင်၎င်း၊ ထားနှင့် ဖျက်ဆီး၍ ဆိတ်ညံစေမည်။

11. အနှစ်လေးဆယ်ပတ်လုံး လူရှောက်၍မသွားရ။ တိရစ္ဆာန်လည်း ရှောက်၍မသွားရ။ အဘယ်သူမျှမနေရ။

12. ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက်ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ် ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပြန်လွင့်စေမည်။

13. သို့ရာတွင်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အနှစ်လေးဆယ်စေ့သောအခါ၊ ကွဲပြားလျက် နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ်၍ စုဝေးစေမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 29