ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 26:5-12 Judson Bible (BJB)

5. ပင်လယ်အလယ်၌ ပိုက်ကွန်လှန်းရာ အရပ်ဖြစ်လိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ လူမျိုးလုယူရာဖြစ်ရလိမ့်မည်။

6. လယ်ပြင်၌ရှိသော သမီးတို့သည် ထားဖြင့် သေ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

7. တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘုရင်တို့၏ဘုရင်တည်းဟူသော မြောက်မျက်နှာရှင် ဘုရင်နေဗုခဒ်နေဇာကို၊ မြင်းထားရထား၊ မြင်းစီးသူရဲ၊ လူများအလုံးအရင်းနှင့်တကွ တုရုမြို့သို့ ငါဆောင်ခဲ့မည်။

8. သူသည်လယ်ပြင်၌ရှိသော သင်၏သားသမီးတို့ကို ထားနှင့်သတ်လိမ့်မည်။ သင့်တလက်၌ ရဲတိုက်ကိုတည်၍ မြေရိုးကိုဖို့ပြီးလျှင်၊ ဒိုင်းလွှားတို့ကို ချီကာလိမ့်မည်။

9. သင်၏မြို့ရိုးတဘက်တချက်၊ ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထား၍ သင်၏ရဲတိုက်တို့ကို တူးရွင်းနှင့် ဖြိုချလိမ့်မည်။

10. မြင်းများသောကြောင့် မြေမှုန့်သည် သင့်ကို ဖုံးလွှမ်းလိမ့်မည်။ တိုက်ဖျက်သော မြို့ထဲသို့ဝင်တတ်သကဲ့သို့ သင်၏မြို့တံခါးသို့ ဝင်သောအခါ၊ လှည်းရထား မျိုးမြည်သံ၊ မြင်းစီးသူရဲတို့ အသံကြောင့် သင်၏မြို့ရိုး လှုပ်ရှားလိမ့်မည်။

11. မြင်းခွာတို့ဖြင့် သင်၏လမ်းရှိသမျှတို့ကို နင်းလျက်၊ သင်၏လူတို့ကို ထားနှင့်သတ်၍၊ သင်ခိုလှုံစရာ ရုပ်တုဆင်းတုတို့သည် မြေတိုင်အောင် ပြိုလဲကြလိမ့်မည်။

12. သင်၏ဥစ္စာကို လုယူ၍သင်၏ကုန်များကိုလည်း သိမ်းယူကြလိမ့်မည်။ သင်၏အုတ်ထရံတို့ကို ဖြို၍ဘုံဗိမာန် တို့ကို ဖျက်ပြီးလျှင်၊ သင်၏ ကျောက်၊ သစ်သား၊ မြေတို့ကို ရေထဲမှာ ချပစ်ကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 26