ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 20:21-28 Judson Bible (BJB)

21. သို့သော်လည်း၊ သူတို့၏သားမြေးတို့သည် ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မကျင့်ကြံဘဲနေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချ ကြ၏။ ထိုအခါ ငါသည်သူတို့၌ ဒေါသစိတ်ကို ပြေစေခြင်းငှါ၊ တောထဲမှာငါ၏ အမျက်အရှိန်ကို သူတို့အပေါ်သို့ သွန်းလောင်းမည်ဟု အကြံရှိ၏။

22. သို့ရာတွင်၊ ငါနှုတ်ဆောင်ခြင်း ကျေးဇူးကို သိမြင်သော တပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမ အသရေကို မပျက်စေခြင်းငှါ၊ ငါသည်နာမတော်အတွက် သည်းခံလျက်နေ၏။

23. တဖန် ငါသည် သူတို့ကို အတိုင်းတိုင်း အပြည်ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှါ တော၌ ကျိန်ဆို၏။

24. အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့ ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။

25. ထိုကြောင့်၊ မကောင်းသောစီရင်ချက်၊ အသက်မရှင်ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး၏။

26. ငါသည် ထာဝရဘုရားဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း၊ သူတို့ကိုဖျက်ဆီးခြင်းငှါ၊ သူတို့သည် သားဦးအပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူတို့ပူဇော်သက္ကာများအားဖြင့် ငါညစ်ညူးစေ၏။

27. သို့ဖြစ်၍၊ အချင်းလူသား၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ကိုအထပ်ထပ် ပြစ်မှား၍ ရှုတ်ချကြသည်တကား။

28. သူတို့အား ပေးခြင်းငှါ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည်မြင့်သောတောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ ကိုကြည့်ရှု၍၊ ထိုအရပ်တို့၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သော အလှူဒါနကို တင်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ အရည်ပူဇော်သက္ကာသွန်းလောင်းခြင်းတို့ကို ပြုကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 20