ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ဇ​ကျေ​လ 16:34-36 Judson Bible (BJB)

34. သို့ဖြစ်၍၊ သင်သည် အခြားသော ပြည်တန်ဆာတို့နှင့် ခြားနားစွာ ပြုတတ်၏။ သင်ပြုသကဲ့သို့ အဘယ်သူ မျှမတရားသော မေထုန်ကို မပြုတတ်။ သင်သည် အခကိုခမခံ၊ သူတပါးတို့အားပေးသောကြောင့် အခြားသော မိန်းမတို့နှင့် ခြားနား၏။

35. သို့ဖြစ်၍၊ အိုပြည်တန်ဆာမိန်းမ၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။

36. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ရည်းစားများ စက်ဆုပ်ရွံ့ရှာဘွယ်သော ရုပ်တုအပေါင်း တို့နှင့် မှားယွင်းခြင်းအားဖြင့်၎င်း၊ သူတို့အားပေးသော သားသမီးတို့၏ အသွေးအားဖြင့်၎င်း သင်သည် ကိုယ် ရှက်ကြောက်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားစွာ ဘော်ပြသောကြောင့်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ဇ​ကျေ​လ 16