ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​လ 3:9-15 Judson Bible (BJB)

9. ဤအမှုကို တပါးအမျိုးသားတို့အား ကြားပြော ကြလော့။ စစ်တိုက်ခြင်းငှာ ပြင်ဆင်၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍ တက်လာကြစေ။

10. သံထွန်သွားများကို ထားဖြစ်စေခြင်းငှာ၎င်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာ၎င်း ထုလုပ်ကြလော့။ အားနည်းသောသူက၊ ငါအားကြီးသည်ဟု ပြောဆိုစေ။

11. ပတ်လည်၌နေသော တပါးအမျိုးသား အပေါင်းတို့၊ စုဝေး၍ လာကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအ ရပ်၌ သင်တို့သူရဲများကို ထာဝရဘုရားနှိမ့်ချတော်မူ မည်။

12. တပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့် သို့ တက်လာကြစေ။ ပတ်လည်၌နေသော တပါးအမျိုး သားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ ငါထိုင်မည်။

13. ရိတ်စရာ စပါးမှည့်သောကြောင့် တံစဉ်ကို လွှတ်ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့်၍၊ စပျစ် ရည် ကျင်းတို့သည် လျှံသောကြောင့် လာကြ။ ဆင်းကြ လော့။ အကြောင်းမူကား၊ သူတို့ပြုသော ဒုစရိုက်အပြစ် သည် ကြီးလှ၏။

14. ကွပ်မျက်ရာချိုင့်၌ လူများ စည်းဝေးလျက်၊ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရ ဘုရား၏ နေ့ရက်သည် ရောက်လုနီးပြီ။

15. နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည် လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​လ 3