ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​လ 3:1-11 Judson Bible (BJB)

1. ထိုနေ့ရက်ကာလ၌ အထက်က သိမ်းသွားခြင်း ကို ခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊

2. ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည် ကို ဝေဖန်၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေ သော ငါ၏အမွေလူ ဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည်။

3. သူတို့သည် ငါ၏လူတို့အဘို့ စာရေးတံချကြပြီ။ လူကလေးကို ပြည်တန်ဆာနှင့်၎င်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်၎င်း ဖယ်လှယ်ကြပြီ တကား။

4. အိုတုရုမြို့၊ ဇိဒုန်မြို့၊ ပါလေတ္တိနပြည်နှင့် နီးစပ် သော အရပ်ရှိသမျှတို့၊ သင်တို့သည် ငါနှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ကို ရန်တုံ့ပြုကြမည်လော။ ငါ့ကို ရန်တုံ့ ပြုကြလျှင်၊ ထိုရန်ကို သင်တို့ ခေါင်းပေါ်သို့ အလျင်အမြန် ငါပြန်ရောက်စေမည်။

5. သင်တို့သည် ငါ့ရွှေငွေကို ယူ၍၊ ငါနှစ်သက် ဘွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့်၎င်း၊

6. ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို နေရင်း ပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှါ၊ ဟေလသ အမျိုးသားတို့အား ရောင်းလိုက်သောကြောင့်၎င်း၊

7. သင်တို့ ရောင်းလိုက်ရာအရပ်မှ ငါသည် ထ မြောက်၍၊ သင်တို့ ရန်တုံ့ပြုခြင်းကို သင်တို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။

8. သင်တို့သားသမီးများကိုလည်း ယုဒအမျိုးသား တို့၌ ငါရောင်း၍၊ သူတို့သည် တဖန်ဝေးသော အမျိုး၊ ရှေဘပြည်သားတို့၌ ရောင်းလိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။

9. ဤအမှုကို တပါးအမျိုးသားတို့အား ကြားပြော ကြလော့။ စစ်တိုက်ခြင်းငှာ ပြင်ဆင်၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍ တက်လာကြစေ။

10. သံထွန်သွားများကို ထားဖြစ်စေခြင်းငှာ၎င်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာ၎င်း ထုလုပ်ကြလော့။ အားနည်းသောသူက၊ ငါအားကြီးသည်ဟု ပြောဆိုစေ။

11. ပတ်လည်၌နေသော တပါးအမျိုးသား အပေါင်းတို့၊ စုဝေး၍ လာကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအ ရပ်၌ သင်တို့သူရဲများကို ထာဝရဘုရားနှိမ့်ချတော်မူ မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​လ 3