အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 20 Judson Bible (BJB)

1. တဖန် ထာဝရဘုရားသည် ယောရှုကို ခေါ်တော်မူ၍၊

2. သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် မောရှေအားဖြင့် မှာထားသည်အတိုင်း၊

3. လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။

4. ထိုမြို့ တစုံတမြို့သို့ ပြေးသောသူသည် မြို့တံခါးဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြားပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။

5. သေစားသေစေသောသူသည် လိုက်လာလျှင်၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို အငြိုးမထားဘဲ အမှတ် တမဲ့သတ်မိ၏။

6. ထိုသူသည် ပရိသတ်ရှေ့သို့ရောက်၍ တရားစီရင်ခြင်းကို မခံမှီသော်၎င်း၊ ထိုကာလ ယဇ်ပုရောဟိတ်မင်း မသေမှီသော်၎င်း ထိုမြို့၌နေရမည်။ ထိုနောက်မှ ပြန်လာ၍ အထက်ပြေးရသောမြို့၊ မိမိနေရင်းအိမ်၌ နေရသောအခွင့်ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊

7. သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ်မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒတောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့တို့ကို၎င်း၊

8. ယော်ဒန်မြစ်တဘက်၊ ယေရိခေါမြို့အရှေ့မှာရုဗင်ခရိုင်၊ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်ခရိုင်၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့၊ မနာရှေခရိုင်၊ ဗာရှန်ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေးထားကြ၏။

9. ဤမြို့တို့ကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ သူတို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ အမှတ်တမဲ့ လူအသက်ကိုသတ်မိသောသူသည် သေစားသေစေသောသူလက်နှင့်လွတ်၍ ပရိသတ်ရှေ့သို့ မရောက်မှီတိုင်အောင် ပြေးရသောအခွင့်ရှိစေခြင်းငှါ ရွေးထားသောမြို့ ဖြစ်သတည်း။