ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 18:4-14 Judson Bible (BJB)

4. သင်တို့တွင် အမျိုးတမျိုးလျှင် လူသုံးယောက်စီရွေးကောက်၍ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံးသို့ထသွား၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည်။

5. သူတို့သည် ပြည်ကို ခုနစ်ပိုင်းပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ၌နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ၌ နေရမည်။

6. ပြည်ကိုခုနစ်ပိုင်းပိုင်းခြားပြီးမှ၊ ပြည်ပုံကို ငါ့ထံသို့ဆောင်ခဲ့၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့အဘို့ စာရေးတံပြုမည်။

7. လေဝိသားတို့သည် သင်တို့နှင့် ရော၍ အဘို့ကိုမယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကိုခံယူကြပြီ ဟု ဣသရေလလူတို့အား ပြောဆို၏။

8. ထိုလူတို့သည်ထ၍သွားသဖြင့်၊ ယောရှုကလည်း၊ တပြည်လုံးသို့ ရှောက်၍ရေးသားပြီးလျှင် ငါ့ထံသို့ပြန်လာကြလော့။ ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော်၌ သင်တို့အဘို့ စာရေးတံပြုမည်ဟု ပြည်ပုံကို ရေးသားခြင်းငှါ သွားသောသူတို့ကို မှာထားသည်နှင့်အညီ၊

9. သူတို့သည် တပြည်လုံးသို့ရှောက်သွားသဖြင့်၊ မြို့ရွာရှိသည်အတိုင်း စာ၌ခုနစ်ပိုင်းပိုင်း၍ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ၏။

10. ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော်၌ စာရေးတံပြု၍ ဣသရေလအမျိုးသား အသီးသီးတို့အား မြေကိုပိုင်းခြားလေ၏။

11. ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် ခံရသောမြေသည် ယုဒအမျိုးသားတို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာ ကျ၏။

12. မြေအပိုင်းအခြားသည် မြောက်မျက်နှာ၌ ယော်ဒန်မြစ်မှထွက်၍ ယေရိခေါမြို့ မြောက်ဘက်နား၌၎င်း၊ အနောက်ဘက်တောင်ပေါ်၌၎င်းရှောက်လျက် ဗေသဝင် တောသို့ ထွက်သွား၏။

13. တဖန်တောင်မျက်နှာသို့သွား၍ ဗေသလလုဇမြို့နား၌ ရှောက်သဖြင့်၊ အောက်ဗက်ဟောရုန်မြို့ တောင်ဘက်မှာရှိသောတောင်ခြေရင်း အတရုတ်အဒ္ဒါမြို့သို့ ရောက်ပြီးလျှင်၊

14. ထိုတောင်မှထွက်၍ အိုင်တောင်ကွေ့ကို ဝိုင်းသဖြင့်၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား၏။ ဤရွေ့ကား အနောက်ဘက်အပိုင်းအခြားတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 18