ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 18:14-27 Judson Bible (BJB)

14. ထိုတောင်မှထွက်၍ အိုင်တောင်ကွေ့ကို ဝိုင်းသဖြင့်၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား၏။ ဤရွေ့ကား အနောက်ဘက်အပိုင်းအခြားတည်း။

15. တောင်ဘက်အပိုင်းအခြားသည် ကိရယတ်ယာရိမ်မြို့စွန်းမှ အနောက်ဘက်နား၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင်၊

16. ဟိန္နုံသား၏ချိုင့်ရှေ့မှာ၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ခြေရင်းသို့လာ၍ ယေဗုသိမြို့တောင်ဘက် ဟိန္နုံချိုင့်သို့၎င်း၊ အင်္ရောဂေလရွာသို့၎င်း၊

17. မြောက်ဘက်နား၌ အင်ရှေမက်ရွာသို့၎င်း၊ အဒုမ္မမ်ကုန်းတဘက် ဂေလိလုတ်ရွာသို့၎င်း၊ ရုဗင်သားဗောဟန်၏ကျောက်သို့၎င်း ရောက်လေ၏။

18. တဖန်အရာဗမြို့ မြောက်မျက်နှာတဘက် လွင်ပြင်နားမှာရှောက်၍ အရာဗမြို့သို့ရောက်သဖြင့်၊

19. ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာရှောက်၍ သောဒုံအိုင်မြောက်ကွေ့၊ ယော်ဒန်မြစ်ဝ၌ဆုံးလေ၏။ ဤရွေ့ကားတောင်ဘက်အပိုင်းအခြားတည်း။

20. ယော်ဒန်မြစ်သည် အရှေ့ဘက်ပိုင်းခြားလျက်ရှိ၏။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရသောမြေနယ်ဖြစ်သတည်း။

21. ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်ရသော မြို့များဟူမူကား၊ ယေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊

22. ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊

23. အာဝိမ်မြို့၊ ပါရမြို့၊ ဩဖရာမြို့၊

24. ခေဖါဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂါဘမြို့၊ ရွာနှင့်တကွ ဆယ်နှစ်မြို့တည်း။

25. ထိုမှတပါး၊ ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊

26. မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊

27. ရေကင်မြို့၊ ဣရပေလမြို့၊ တာရလမြို့၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 18