ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 13:29-32 Judson Bible (BJB)

29. မောရှေသည် မနာရှေအမျိုးတဝက်အားအမွေပေး၍၊ မနာရှေအမျိုးသားတဝက်သည် အဆွေအမျိုးအလိုက် အမွေခံရသော ပြည်များဟူမူကား၊

30. မဟာနိမ်မြို့မှစ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတရှောက်လုံး၊ ဗာရှန်ပြည်၌ပါသော ယာဣရမြို့ခြောက်ဆယ်ကို အမွေခံရသတည်း။

31. ဂိလဒ်ပြည်တဝက်၊ ဗာရှန်ပြည်၌ ဩဃ၏ နိုင်ငံအဝင်၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့တို့ကို မနာရှေသား မာခိရ၏သားမြေးတဝက် အဆွေအမျိုးအလိုက် ပိုင်ရကြ၏။

32. ဤရွေ့ကား၊ မောရှေသည် ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ မောဘလွင်ပြင်၌ အမွေဝေဖန်သော ပြည်များပေတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 13