ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 13:13-20 Judson Bible (BJB)

13. သို့ရာတွင် ဣသရေလလူတို့သည် ဂေရှုရိလူ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ။ ထိုလူမျိုးတို့သည် ယနေ့တိုင်အောင် ဣသရေလအမျိုးသားတို့နှင့် အတူနေကြ၏။

14. လေဝိအမျိုးသား အမွေကိုမပေး။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအား မီးဖြင့်ပူဇော်သောယဇ်တို့သည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေ ဖြစ်သတည်း။

15. မောရှေသည်၊ ရုဗင်အမျိုးသားအဆွေအမျိုး အသီးသီးတို့အား အမွေပေးသောပြည်များဟူမူကား၊

16. အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ မေဒဘလွင်ပြင် တရှောက်လုံး၊

17. ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်၌ ရှိသမျှသောမြို့၊ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊

18. ယဟာဇမြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊

19. ကိရယသိမ်မြို့၊ စိဗမာမြို့၊ ချိုင့်တွင်တောင်ပေါ်မှာရှိသော ဇာရက်ရှာဟာမြို့၊

20. ဗက်ပေဂုရမြို့၊ အာဇုတ်ပိသကာမြို့၊ ဗက်ယေရှိမုတ်မြို့၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 13