ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​ရှု 1:10-15 Judson Bible (BJB)

10. ထိုအခါ ယောရှုသည် ဗိုလ်မင်းများတို့ကိုခေါ်၍၊

11. တပ်တရှောက်လုံးသို့ သွားကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဝင်စားခြင်းငှါ၊ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ် တဘက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရကြမည် အကြောင်း၊ လူများတို့အား ဆင့်ဆိုကြလော့ဟု မှာထားလေ၏။

12. တဖန်ယောရှုသည် ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသားတဝက်တို့ကို ခေါ်၍၊

13. ထာဝရဘုရား၏ကျွန်မောရှေသည်၊ သင်တို့အား မှာထားသော စကားဟူမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ဤပြည်၌ နေရာချတော်မူပြီ။

14. သင်တို့သားမယား၊ သူငယ်များနှင့် တိရစ္ဆာန်များတို့သည် ယော်ဒန်မြစ်အရှေ့ဘက် မောရှေပေးသောပြည်၌ နေရစ်ရကြမည်။

15. ထာဝရဘုရားသည် သင်တို့အား နေရာချသည်အတိုင်း၊ ညီအစ်ကိုတို့အား နေရာချတော်မမူမှီ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၊ သင်တို့တွင် ခွန်အားကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ညီအစ်ကိုများရှေ့မှာကူး၍ မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထိုနောက်မှ ထာဝရ ဘုရား၏ကျွန်မောရှေသည် ယော်ဒန်မြစ်နေထွက်ရာ ဘက်၌ပေး၍၊ သင်တို့ပိုင်သောပြည်သို့ ပြန်၍ ဝင်စားရကြမည်ဟု ပြောဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​ရှု 1