ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယော​န 3:1-6 Judson Bible (BJB)

1. နောက်တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယောနသို့ရောက်လာသည်ကား၊

2. သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာ ထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။

3. ထိုအခါ ထာဝရဘုရား၏ အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့ သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီးကျယ်ဝန်းသော မြို့ဖြစ်သတည်း။

4. ယောနသည် မြို့ထဲသို့ဝင်၍ တနေ့ခရီးသွား လျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက် စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။

5. နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့် တော်ကို ယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာ ရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ် ကြ၏။

6. နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသော အခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီး မှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယော​န 3