ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 7:17-21 Judson Bible (BJB)

17. ကိုယ်တော်သည် လူကိုပမာဏပြု၍ စိတ်စွဲလမ်း တော်မူမည်အကြောင်း၊

18. သူ့ကိုနံနက်တိုင်း အကြည့်အရှုကြွလာ၍၊ ခဏခဏစုံစမ်းတော်မူမည်အကြောင်း၊ လူသည် အဘယ်သို့သောသူဖြစ်ပါသနည်း။

19. အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာလွှဲတော်မူမည်နည်း။ ငါသည်ကိုယ်တံထွေးကို မျိုရသည်တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်းရှိစေတော်မူမည်နည်း။

20. လူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ရှိသည် မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရသည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း။

21. အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ်ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာအကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 7