ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 41:1-9 Judson Bible (BJB)

1. လဝိသန်ကိုငါးမျှားနှင့် ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော။

2. သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌ သံကွင်းလျှိုမည်လော။

3. သူသည်သင့်ကိုများစွာ တောင်းပန်လိမ့်မည်လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။

4. သင်နှင့်ဝန်ခံခြင်း ပဋိညာဉ်ကို ပြုလိမ့်မည်လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှါ သူ့ကိုခန့်ထားမည်လော။

5. ငှက်နှင့်ကစားသကဲ့သို့ သူနှင့် ကစားမည်လော။ သင်၏မိန်းမကလေးတို့အဘို့ သူ့ကိုချည်နှောင်မည်လော။

6. သင်၏အပေါင်းအဘော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။

7. သူ၏အရေကို မှိန်းနှင့်၎င်း၊ သူ၏ခေါင်းကို ငါးထိုးသောလှံနှင့်၎င်း၊ အနှံ့အပြားထိုးဖောက်နိုင်သလော။

8. သူ့အပေါ်မှာ လက်တင်ရုံမျှသာပြုပါ။ သူ့ကိုတိုက်မည်အကြံကို နောက်တဖန်မအောက်မေ့ရ။

9. တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီးထင်၏။ မြင်ကာမျှနှင့် စိတ်မပျက်သလော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 41