ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 38:29-41 Judson Bible (BJB)

29. ရေခဲသည်အဘယ်သူ၏ ဝမ်းထဲကထွက်လာသနည်း။ မိုဃ်းကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။

30. ရေသည်ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ်မျက်နှာတင်းမာလျက်ရှိ၏။

31. သင်သည် ခိမကြယ်စု၏သာယာစွာပြုပြင်ခြင်းကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင်ခြင်းကို ဖြည်နိုင်သလော။

32. မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ်ဘော်နိုင်သလော။ အာရှကြယ်နှင့် သူ၏သားတို့ကို ပဲ့ပြင်နိုင်သလော။

33. မိုဃ်းကောင်းကင်တရားတို့ကို နားလည်သလော။ ထိုတရားတို့သည် မြေကြီးကိုအုပ်စိုးမည်အကြောင်း အခွင့်ပေးနိုင်သလော။

34. များစွာသောမိုဃ်းရေသည် သင့်ကို လွှမ်းမိုးစေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်သလော။

35. လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့ကကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြလိမ့်မည်လော။

36. ကိုယ်ခန္ဓာထဲသို့ ပညာကိုအဘယ်သူသွင်းသနည်း။ နားလည်နိုင်သောဥာဏ်ကို အဘယ်သူပေးသနည်း။ ပညာရှိ၍ မိုဃ်းတိမ်တို့ကို အဘယ်သူ ရေတွက်နိုင်သနည်း။

37. မြေမှုန့်သည်လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ၊

38. မိုဃ်းကောင်းကင်၏ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။

39. သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။

40. ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံဖုတ်အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝစွာကျွေးနိုင်သလော။

41. ကျီးအသငယ်တို့သည် စားစရာမရှိေသာကြောင့် လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 38